ထိုင်းနိုင်ငံ ပင်လယ်ပြင်နှင့် ကမ်းရိုးတန်း သယံဇာတ ဦးစီးဌာန က ထိုင်း ပင်လယ်ကွေ့ အထက်ပိုင်းမှာ လေ့လာဆန်းစစ်မှုတွေ လုပ်ဆောင်ခဲ့ပြီးနောက်မှာ ဧရာဝတီလင်းပိုင်အကောင်ရေ ၄၀ ကျော် တွေ့ရှိခဲ့ရတယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ လေ့လာမှုတွေလုပ်ဆောင်ခဲ့ရာကနေ Bang Pakong မြစ်ဝနဲ့ ၃ ကီလိုမီတာကနေ ၅ ကီလိုမီတာအကွာမှာ ဧရာဝတီလင်းပိုင် ၃၅ ကောင်ကနေ ၄၀ အထိ တွေ့ရှိခဲ့တာဖြစ်ပါတယ်။
လင်းပိုင်တွေ ရေချိုပိုင်းထဲ လမ်းမှားဝင်ရောက်တာနဲ့ ငါးဖမ်းပိုက်တွေ ငြိမိပြီး ေ-သဆုံးတာမျိုး မဖြစ်စေဖို့အတွက် Pinger လို့ခေါ်တဲ့ ဆိုနာကိရိယာတွေရဲ့ ထိရောက်မှုကိုလည်း ဒရုန်းတွေအသုံးပြုပြီး Chachoengsao နဲ့ Chonburi ပြည်နယ်တွေမှာ လေ့လာစမ်းသပ်ခဲ့ကြပါတယ်။
Ref : Khaosod
#mercury#mercurynews#ဧရာဝတီလင်းပိုင်#မြန်မာ #ထိုင်း
