Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရန်ကုန်တိုင်းအတွင်းမြို့နယ်အချို့ရေပြတ်လပ်မှုကို ရေဂါလံ(၁၇၀၀၀၀)ကျော်ကူညီခဲ့

——————————————————————————-

၂၀၂၆ခုနှစ်၊ဇန်နဝါရီလ၊(၂၁)ရက်

ရန်ကုန်တိုင်းအတွင်း တာမွေအပါအဝင် မြို့နယ်အချို့ရေပြတ်လပ်မှုကို

ရေဂါလံ(၁၇၀၀၀၀)ကျော်ကူညီခဲ့တယ်လို့ ရှင်သန်ရေးကူညီမှုအသင်းမှ သိရပါတယ်။

ဇန်နဝါရီလ(၁၉)ရက်နေ့ကနေစလို့ ရန်ကုန်တိုင်းရဲ့မြို့နယ်တချို့မှာ ရေပြတ်လပ်မှုအကူ အညီတောင်းခံလာမှုတွေကြောင့် ဇန်နဝါရီလ(၁၇)ရက်ကစတင်ကာ ရေဘောက်ဆာ(၂)စီးနဲ့ ကူညီခဲ့ပါတယ်။

ဇန်နဝါရီလ(၁၉)ရက်မှ(၂၁)ရက်အထိရှင်သန်ရေးကူညီမှုရေဘောက်ဆာ(၂)စီးဖြင့် သုံးရက်အတွက် အခေါက်ရေ (၅၄)ခေါက် ရေဂါလံ(၁၇၀၀၀၀)ကျော် ကူညီလှူပေးခဲ့တယ်လို့ သိရပါတယ်။