Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မကွေးတိုင်း၊မင်းလှမြို့နယ်၊ ရွာတော်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွား

၂၀၂၆၊ဇန်နဝါရီလ၊၂၃ရက်

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ရွာတော်ကျေးရွာမှာ ယနေ့ ဇန်နဝါရီလ၂၃ရက် မနက် ၆နာရီ ၁၅မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

မီးလောင်ရာကို မင်းလှမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ထန်းကိုင်းနယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ဒဟတ်ပင်နယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ ညောင်ဝိုင်းနယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ လင်းကယ်နယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ လက်ပံတံခါး နယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ရှမ်းတပ်နယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ရွာသာယာနယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ PIC ရေနံချက်စက်ရုံမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီးတို့နဲ့ ထွက်ခွာ မီးငြိမ်းသတ်ခဲ့ပါတယ်။

မီးလောင်ပြီး ၄၅မိနစ်အကြာ မနက်၇နာရီမှာတော့ မီးကို အပြီးသတ်ငြိမ်းနိုင်ခဲ့ကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။