Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရေခဲအမှတ်နားနီးသည့်မြို့ (၁၁)မြို့ရှိလာ၊ အပူချိန်ဆက်ကျနိုင်

——————————————————————————-

၂၀၂၆ခုနှစ်၊ဇန်နဝါရီလ၊(၂၃)ရက်

အခုရက်ပိုင်းမှာ ရေခဲအမှတ်နားနီးလာတဲ့မြို့ (၁၁)မြို့ရှိလာပြီး အပူချိန်တွေဆက်ကျနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။

ထူးခြားတဲ့ ညအပူချိန်တွေမှာ ဟားခါးမြို့မှာ ၂.၃ ဒီဂရီ ဆဲလ်စီးယပ်၊ ဟဲဟိုးမြို့မှာ ၃.၀ ဒီဂရီဆဲလ်စီးယပ်၊ နမ့်စန်မြို့(ရှမ်းပြည်နယ်တောင်ပိုင်း) မှာ ၃.၄ ဒီဂရီဆဲလ်စီးယပ်၊ လွိုင်လင်မြို့မှာ ၅.၀ ဒီဂရီ ဆဲလ်စီးယပ်၊ ပင်လောင်းမြို့မှာ ၅.၈ ဒီဂရီဆဲလ်စီးယပ်၊ တီးတိန်မြို့မှာ ၆.၀ ဒီဂရီဆဲလ်စီးယပ်၊ လားရှိုးမြို့မှာ၆.၇ ဒီဂရီဆဲလ်စီးယပ်၊ သီပေါမြို့မှာ ၇.၅ ဒီဂရီဆဲလ်စီးယပ်၊ မိုးညှင်းမြို့မှာ၈.၄ ဒီဂရီဆဲလ်စီးယပ်နဲ့ ပြင်ဦးလွင်မြို့နဲ့လွိုင်ကော်မြို့တို့မှာ ၈.၅ ဒီဂရီဆဲလ်စီးယပ်စီတို့ ရှိကြပါတယ်။

နောက် ၂ ရက်အတွက်ခန့်မှန်းချက်အနေဖြင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်း ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ညအပူချိန်တွေ အနည်းငယ် လျော့နည်းနိုင်တယ်လို့ သိရပါတယ်။

Oplus_131072