———————————-
၂၀၂၆ခုနှစ်၊ဇန်နဝါရီလ၊(၂၆)ရက်
မန္တလေး၊အောင်မြေသာစံမြို့နယ်မှာ ဗဟိုပြုပြီးအင်အားပမာဏ ၃.၀ ရစ်(ခ်)တာစကေးရှိတဲ့ငလျင်လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
မနေ့က ညပိုင်း၉နာရီဝန်းကျင်က အောင်မြေသာစံမြို့နယ်ရဲ့မြောက်ဘက် (၅) မိုင်ခန့်၊အနက် – ၁၀ ကီလိုမီတာ ဗဟိုပြုလှုပ်တာဖြစ်ပါတယ်။
ငလျင်ပညာရှင်တွေရဲ့ခန့်မှန်းချက်အရ စစ်ကိုင်းပြတ်ရွေ့ကြောမှာ နောက်ဆက်တွဲငလျင်တွေ ကို သတိပြုရဦးမှာဖြစ်သလို ပဲခူးငလျင်ရဲ့ တကျော့ပြန်ငလျင်ကြီးတွေကိုလည်း သတိပြုရဦးမှာဖြစ်တယ်လို့ သိရပါတယ်။
