————————————————————
၂၀၂၆ခုနှစ်၊ဇန်နဝါရီလ၊(၂၆)ရက်
ကမ္ဘောဒီးယားနိုင်ငံရဲ့ ကျားဖြန့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းထဲရောက်သွားတဲ့ မြန်မာနိုင်ငံသား(၅၆၆)ဦး ကိုမြန်မာသို့ပြန်ခေါ်လာခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
ပထမအသုတ်အနေဖြင့် မြန်မာနိုင်ငံသား ၁၃၆ ဦးကို မြန်မာ့လေကြောင်းလိုင်း (MAI) ဖြင့် ဇန်နဝါရီ ၂၃ ရက်ကမန္တလေးမြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ခေါ်ဆောင်ရောက်ရှိခဲ့ပြီးဖြစ်ပါတယ်။
ဒုတိယအသုတ်အနေဖြင့် မြန်မာနိုင်ငံသား ၅၀ ဦးကို ဇန်နဝါရီ ၂၅ ရက်မှာ မြန်မာ့လေကြောင်းလိုင်း (MAI) ဖြင့် မြန်မာနိုင်ငံ၊ မန္တလေးမြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ခေါ်ဆောင်ခဲ့ပါတယ်။
ကျန်၁၉၀ ဦးကို တပ်မတော်လေယာဉ် ၂ စီး ဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့သို့ လည်းကောင်း၊ ထပ်မံပြီး ၁၉၀ ဦးကို တပ်မတော်လေယာဉ် ၂ စီးဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့သို့လည်းကောင်း ပြန်လည်ခေါ်ဆောင်ရောက်ရှိခဲ့ရာ ဒီနေ့အထိ မြန်မာနိုင်ငံသား ၅၆၆ ဦး ပြန်လည်ရောက်ရှိခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
