Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ပါကေတာကို ခေါ်ယူရန် ဖလာမင်ဂို နဲ့ဝက်စ်ဟမ်းကြား နှုတ်အားဖြင့် သဘောတူညီမှုရရှိ

၂၀၂၆၊ဇန်နဝါရီလ၊၂၇ရက်

လူးကပ်စ် ပါကေတာကို ခေါ်ယူရန် ဖလာမင်ဂို နဲ့ဝက်စ်ဟမ်းကြား နှုတ်အားဖြင့် သဘောတူညီမှုရရှိထားတယ်လို့ သိရပါတယ်။

ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ ဝန်းကျင် ဖြစ်ပြီး ပရီးမီးယားလိဂ် ကလပ် ဝက်စ်ဟမ်းက တရားဝင် ကမ်းလှမ်းလာမှုကိုစောင့်ဆိုင်းနေပါတယ်။

ဝက်စ်ဟမ်းသည် တန်းဆင်းဇုံတိုက်ပွဲ ရှိသောကြောင့် ပါကေတာကို လက်မလွှတ်ချင်သော်လည်း လက်ရှိမှာတော့ စိတ်ပြောင်းခဲ့ပြီဖြစ်ပါတယ်။ပါကေတားဟာ လောင်းကစား စွပ်စွဲမှုပြီးကတည်းက အင်္ဂလန်တွင် နေထိုင်ရတာကို မပျော်ရွှင်တော့ဘဲ ဘရာဇီးသို့သာ ပြန်လည် အချေချ လိုနေတာလည်း ဖြစ်ပါတယ်။