၂၀၂၆၊ဇန်နဝါရီလ၊၂၈ရက်
ချဲလ်ဆီးအသင်းရဲ့ အဓိက ကစားသမား ကိုးလ်ပါးမားအနေနဲ့ နောက်လာမယ့်နှစ်တွေမှာလည်း ချဲလ်ဆီးမှာသာ ဆက်ရှိနေလိမ့်မယ်လို့ နည်းပြရိုဆန်ညာက နာပိုလီနဲ့ပွဲ မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
ချဲလ်ဆီးနည်းပြ ရိုဆန်ညာက “ကိုးလ် ပါးမား ဟာ ကျွန်တော်တို့နဲ့အတူ အီတလီနိုင်ငံကို လိုက်ပါလာပါတယ်..။ သူဟာသိပ်ကို ထူးချွန်တဲ့ ကစားသမား တယောက်ဖြစ်ပြီး အခုလိုအချိန်ကိုက် သတင်းတွေ ထွက်ပေါ်လာတဲ့အပေါ် အံ့ဩစရာ မရှိပါဘူး..။ မန်နေဂျာအသစ် ရောက်လာရင် ကစားသမားတွေရဲ့ အနေအထား လှုပ်ခပ်မှုတွေ ရှိပါတယ်..။ အခုထွက်ပေါ်နေတဲ့ သတင်းတွေဟာ မှန်ကန်မှု မရှိပါဘူး..။
သူနဲ့ပတ်သက်ပြီး အားကစား ဒါရိုက်တာတွေဆီက အာမခံချက် တောင်းစရာ အကြောင်းမရှိပါဘူး..။ ကိုးလ် ဟာ အသင်းမှာပျော်ရွှင်နေပါတယ်..။ ဒါ့ကြောင့်အဲဒီအကြောင်းနဲ ပတ်သက်ပြီး ဆွေးနွေးဖို့ အကြောင်းမရှိပါဘူး..။”လို့ ပြောပါတယ်။
ကိုးလ်ပါးမား က ပြီးခဲ့တဲ့ ရက်ပိုင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အပြောင်းအရွေ့သတင်းတွေထွက်ပေါ်ခဲ့ပြီး လက်ရှိမှာတော့ ချန်ပီယံလိဂ်ပွဲစဉ်အတွက် ချဲလ်ဆီးအသင်းနဲ့အတူ အီတလီနိုင်ငံကိုရောက်ရှိနေပါတယ်။
#mercury#mercurynews#chelsea#palmer#rosenior
