——————————
၂၀၂၆ခုနှစ်၊မတ်လ၊(၆)ရက်
ချင်းပြည်နယ်၊မတူပီမြို့အနီးအင်အား ရစ်(ခ်)တာစကေး (၄.၃) အဆင့်ရှိငလျင်လှုပ်ခတ်ခဲ့တယ်လို့ မြေငလျင်ဌာနခွဲက သိရပါတယ်။
၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက်နေ့၊ မြန်မာစံတော်ချိန် (၂၀) နာရီ၊ (၁၈) မိနစ်၊ (၄၅) စက္ကန့်အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ တောင်-အရှေ့တောင်ဘက် (၆၁) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (မတူပီမြို့ရဲ့အရှေ့မြောက်ဘက် (၂၄) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၁.၇၇) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၇၇) ဒီဂရီ၊ အနက် (၅၅) ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး (၄.၃) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ ဖော်ပြထားပါတယ်။
