Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

အွန်လိုင်းကနေတစ်ဆင့် သင်္ကြန်ယိမ်းအကပြိုင်ပွဲဝင်နိုင်

၂၀၂၆ခုနှစ်၊မတ်လ၊(၁၀)ရက်

မြန်မာသင်္ကြန်ယိမ်းအကကို တန်ဖိုးထားသူတွေအားလုံးအတွက် မေမြို့(သို့မဟုတ်) ပြင်ဦးလွင်မှာ သင်္ကြန်ယိမ်းအကပြိုင်ပွဲကျင်းပမှာဖြစ်ပြီး မတ်လမှ စတင်ကာ ဧပြီလ (၁၁) ရက်နေ့အထိဗီဒီယိုကလစ်တွေကို အွန်လိုင်းကနေတစ်ဆင့်ပေးပို့ ယှဉ်ပြိုင်နိုင်တယ်လို့ သိရပါတယ်။
တန်ခူးလသင်္ကြန်အခါသမယကို ဂုဏ်ပြုသောအားဖြင့် မြန်မာ့ယဉ်ကျေးမှုအမွေ အနှစ်တစ်ရပ်ဖြစ်သော ယိမ်းအကကို အားပေးမြှင့်တင်ရန် 𝐁𝐄.𝐅𝐚𝐥𝐥𝐬 သင်္ကြန်ယိမ်း အကပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြရန် ဖိတ်ခေါ်ထားပါတယ်။
စည်းကမ်းချက်တွေကတော့ ပါဝင်သူ အနည်းဆုံး (၃) ယောက်ရှိရမယ်၊𝐁𝐄.𝐅𝐚𝐥𝐥𝐬 မှ ပြသထားသော ကကွက်နဲ့ တူညီရမယ်၊𝐕𝐢𝐝𝐞𝐨 𝐐𝐮𝐚𝐥𝐢𝐭𝐲 ဟာ 𝐇𝐢𝐠𝐡 𝐑𝐞𝐬𝐨𝐥𝐮𝐭𝐢𝐨𝐧 ဖြစ်ရမယ်၊မြန်မာယဉ်ကျေးမှုနှင့် မကိုက်ညီသော အဝတ်အစားများ မဝတ်ဆင်ရ၊ မသင့်လျော်သော အပြုအမူများ မပြုလုပ်ရတို့ သတ်မှတ်ထားပါတယ်။
ဆုအနေနဲ့ပထမဆု – ၃ သိန်း၊ဒုတိယဆု – ၂ သိန်း၊ တတိယဆု – ၁ သိန်း၊ လူကြိုက် အများဆုံးဆု – ၁ သိန်း၊မြန်မာဝတ်စုံဆု – ၁ သိန်း၊ စုစုပေါင်း ဆု (၅) ဆု ပေးအပ်သွားမယ် ဖြစ်ပါတယ်။
အမှတ်(၅၀)ပေးမှာဖြစ်ပြီး 𝐁𝐄.𝐅𝐚𝐥𝐥𝐬 ပွဲကောက်ရေတံခွန်မှာ တိုက်ရိုက် စာရင်းပေးသွင်း နိုင်သလို၊ 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞 𝐂𝐡𝐚𝐭𝐛𝐨𝐱 / 𝐓𝐢𝐤𝐓𝐨𝐤 𝐂𝐡𝐚𝐭𝐛𝐨𝐱 (သို့မဟုတ်) 𝐕𝐢𝐛𝐞𝐫 မှတဆင့် စာရင်းပေးသွင်းနိုင်ပြီး ပြိုင်ပွဲဝင် 𝐕𝐢𝐝𝐞𝐨 များကို 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 မှတဆင့် ပေးပို့ရမှာဖြစ်ပါတယ်။
ပေးပို့ထားတဲ့ 𝐕𝐢𝐝𝐞𝐨တွေကို 𝐁𝐄.𝐅𝐚𝐥𝐥𝐬 𝐓𝐡𝐢𝐧𝐠𝐲𝐚𝐧 𝐅𝐫𝐚𝐦𝐞 ဖြင့် 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤, 𝐓𝐢𝐤𝐓𝐨𝐤 နှင့် 𝐘𝐨𝐮𝐓𝐮𝐛𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥 တွေမှာ တင်ပေးသွားမှာဖြစ်ပါတယ်။


Oplus_131072