Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရှုံးပွဲမရှိစံချိန်ဖြင့် MNL ချန်ပီယံဆုကို ရှမ်းယူနိုက်တက်(၇) ကြိမ်မြောက် ဗိုလ်စွဲ

၂၀၂၆၊မတ်လ၊၁၉ရက်

Myanmar National League 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲရဲ့ ချန်ပီယံဆုကို ရှုံးပွဲမရှိစံချိန်နဲ့ ရှမ်းယူနိုက်တက်(၇) ကြိမ်မြောက် ဗိုလ်စွဲသွားပါတယ်။

အမှတ်ပေးချန်ပီယံဆုဖလားအား (၇) ကြိမ်မြောက် ရရှိခဲ့တဲ့ ရှမ်းယူနိုက်တက်အသင်းဟာ ကြေးငွေကျပ်သိန်း (၁၀၀၀)နဲ့ အထူးဆုဖလားရရှိခဲ့ပြီဖြစ်ပါတယ်။

Myanmar National League 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံးကစားသမားဆုကို ရှမ်းယူနိုက်တက်တိုက်စစ်မှူး စအောင်ပြည့်ကိုက (၁၇) ဂိုးနဲ့ ရရှိခဲ့ပါတယ်။