Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

လေယာဉ်ဆီအခက်အခဲကြောင့် ဝန်စည်သယ်ဆောင်ခွင့် ‌ပြင်ဆင်သတ်မှတ်

——————————–

၂၀၂၆ခုနှစ်၊မတ်လ၊(၂၀)ရက်

လောင်စာဆီရရှိမှုအခြေအနေနဲ့ လုပ်ငန်းလိုအပ်ချက်တွေအရ ၂၀၂၆ ခုနှစ်၊ မတ်လ (၂၀) ရက်နေ့ကစပြီးမြန်မာလေကြောင်းလိုင်းဖြစ်တဲ့ MNA လေကြောင်းလိုင်းရဲ့ ဝန်စည်သယ်ဆောင်ခွင့်တွေကို အခုလိုမျိုး ခေတ္တပြင်ဆင် သတ်မှတ်လိုက်ရတယ်လို့ သိရပါတယ်။

ဘန်ကောက်နဲ့ စင်ကာပူကနေ ပြန်လာမယ့်သူများအတွက် လေဆိပ် Check-in ကောင်တာမှာ

ပိုလျှံဝန်စည် (Excess Baggage) ဝယ်ယူခြင်းကို ခရီးသည်တစ်ဦးလျှင် အများဆုံး (၁၀) ကီလိုဂရမ်အထိသာ ခွင့်ပြုမယ်လို့‌ဆိုပါတယ်။

MNACLUB အဖွဲ့ဝင်များအတွက် အဖွဲ့ဝင်အလိုက်ရရှိတဲ့ ဝန်စည်အပိုသယ်ဆောင်ခွင့် အကျိုး ခံစားခွင့်တွေကိုလည်း နောက်ထပ်အကြောင်းကြားစာ မထုတ်ပြန်ခင်အထိ ယာယီပိတ်ထားမယ်လို့ ဖော်ပြထားပါတယ်။