Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မတ်လ ၂၀-၂၇ ရက်အတွင်း မိုးရွာမည့် အခြေအနေ

———————

၂၀၂၆ခုနှစ်၊မတ်လ၊(၂၀)ရက်

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများကို ဖြတ်သန်းဝင်ရောက်လာသည့်မိုးတိမ်တောင်များသည်၊ မြန်မာနိုင်ငံအထက်ပိုင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့သို့ ဆက်လက်ရွေ့လျားပြီး မိုးထစ်ချုန်းရွာခြင်း၊ လေပြင်းတိုက်ခတ်ခြင်း(စိုက်ဆင်းလေပြင်း)နှင့် မိုးသီးကြွေခြင်းစသည့်ဖြစ်စဉ်များသည် မတ်လ လကုန်ရက်များအထိ ဆက်လက်ရှိနေမယ်လို့ မိုးလေဝသပညာရှင်ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။

Ventusky App, ICON model(auto) မှ မတ်လ ၂၀-၂၇ ရက်အတွင်း ရရှိနိုင်သည့် မိုးအခြေအနေခန့်မှန်းချက်ကတော့

ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း/အရှေ့ပိုင်းတို့တွင် ဤကာလအတွင်း ရရှိသော စုစုပေါင်းမိုးရေချိန် ၂ လက်မ ခန့်မှ ၃ လက်မနီးပါးအထိ ရရှိနိုင်ပြီး မိုးရေချိန် အများဆုံးရရှိနိုင်သည့်ဒေသများဖြစ်တယ်လို့ဆိုပါတယ်။

မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် ကယားပြည်နယ်တို့မှာ ထစ်ချုန်းမယ့်အခြေအနေများဖြစ်ပေါ်ပြီး အချို့ဒေသတွေမှာမိုးအသင့်အတင့် ခေတ္တမျှရွာနိုင်ပါတယ်။မိုးရေချိန်မများနိုင်ပါတယ်။

ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးအနည်းငယ်(မိုးဖွဲ)ကျနိုင်သည့်အခြေအနေများ ဖြစ်ပေါ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။