၂၀၂၆၊မတ်လ၊၂၆ရက်
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ စက်မှုဇုန်(၂)လမ်းမှာ ယနေ့ မနက်အစောပိုင်း ၄နာရီ ၅၇မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
မီးလောင်ရာကို မိတ္ထီလာမြို့နယ်မီးသတ်စခန်းမှ အထောက်အကူပြုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ နယ်မြေ(၁) အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ် ရေသယ်ယာဉ်(၁)စီး၊ နယ်မြေ(၂) အရန် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ စက်မှုဇုန်အရန်မီးသတ်စခန်းမှ မီးသတ် ရေသယ်ယာဉ်(၁)စီး၊ ဈေးအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များထွက်ခွာ မီးငြိမ်းသတ်ခဲ့ကြရပါတယ်။
နံနက် ၅နာရီ ၃၁မိနစ်မှာတော့ မီးကို အပြီးသတ်ငြိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
