Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ရန်ကုန်၊ပဲခူးနေတအားပြင်းလာမည်ဖြစ်၍ နေ့ခင်းဘက် နေပူထဲလုံးဝမထွက်ရန် သတိပေးထား

——————————————————————-

၂၀၂၆ခုနှစ်၊မတ်လ၊(၂၆)ရက်

အခုရက်ပိုင်းမတ်လကုန်နဲ့ဧပြီလထဲမှာရန်ကုန်၊ပဲခူး၊ဧရာဝတီတိုင်းတို့မှာ နေ့အပူချိန်တွေပုံမှန်ထက် ပိုပူပြင်းလာဖို့ရှိတယ်လို့ မိုးလေဝသပညာရှင်ဦးဝင်းနိုင်ရဲ့ခန့်မှန်းချက်အရသိရပါတယ်။

ရန်ကုန်၊ပဲခူး၊ဧရာဝတီဟာ နေ့အပူချိန်(၄၀)ဒီဂရီအထက်ရှိလာနိုင်ပြီး နေ့အပူချိန်ပြင်းတဲ့ မနက်(၁၀)နာရီ(၄)နာရီကြား နေ့ခင်းတွေမှာ နေပူထဲမထွက်ဖို့ သတိပေးထားပါတယ်။

နေ့အပူချိန်ပြင်းတာကတစ်ကြောင်း၊ ခရမ်းလွန်ရောင်ခြည်တွေပိုမိုကျရောက်လာတာကတစ်ကြောင်း ကြောင့် ဦးနှောက်သွေးကြောပြတ်တာ၊အပူရှပ် Heat Strokeဖြစ်တာ၊ အပူရှိန်ကြောင့်သတိလစ်တာ၊ ကြွက်တက်တာ၊နွမ်းနယ်တာတွေဖြစ်ပေါ်နိုင်သလို ခရမ်းလွန်ရောင်ခြည်ကြောင့်မျက်စိထိခိုက်တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။

#mercury#mercurynews#မြန်မာ#ရာသီဉတု#ပြည်တွင်းသတင်း