၂၀၂၆၊ဧပြီလ၊၂ရက်
ဒီဇယ် ဆီ HSD (500 ppm)တင်သွင်းမှုအပေါ် ကောက်ခံ နေတဲ့အကောက်ခွန်၊ အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ကောက်ခံတဲ့ ဝင်ငွေခွန်(၂ ရာခိုင် နှုန်း)တို့ကို ဧပြီ ၁ ရက်မှ ဧပြီ ၃၀ ရက်ထိ ကင်းလွတ် ခွင့်ပြုခဲ့ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အကောက်ခွန်ဦးစီးဌာနက Import Declaration (ID)ဖွင့်လှစ်တင်သွင်းတဲ့ ဒီဇယ်ဆီ HSD (500 ppm)များအ တွက်သာအကျုံးဝင်မယ်လို့လည်း ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။
အခုလို အခွန်ကင်းလွတ်ခွင့်ပြုခြင်းကြောင့် ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှုမှာ အများဆုံးအဓိကအသုံးပြုတဲ့ ဒီဇယ်ဆီ HSD (500 ppm)ဈေးနှုန်းတည်ငြိမ်/လျော့ကျပြီး ကုန်ဈေးနှုန်းများတည်ငြိမ်လျော့ကျစေနိုင်မယ်လို့လည်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
