Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ခွင့်ပြုစာရင်း (Whitelist) ဝင် ဖုန်းများအတွက် IMEI Code Unpaid ဖြစ်နေပါက အခွန်ပေးဆောင်ရန် မလိုအပ်

၂၀၂၆၊ဧပြီလ၊၂ရက်

ခွင့်ပြုစာရင်း (Whitelist) ဝင် ဖုန်းများအတွက် IMEI Code တစ်ခုခု Unpaid ဖြစ်နေပါက အခွန်ပေးဆောင်ရန် မလိုအပ်ပါကြောင်းနှင့် Paid ဖြစ်စေရန် ဆောင်ရွက်နိုင်မယ့် လုပ်ငန်းစဉ် ကို CEIRနဲ့ EIRစီမံကိန်းစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့က ထုတ်ပြန်ပါတယ်။

၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့နောက်ပိုင်းမှာ ခွင့်ပြုစာရင်း (Whitelist) ဝင် Handset များရဲ့ ကျန် SIM Slot များ Physical SIM Card (သို့မဟုတ်) eSIM ထပ်မံထည့်သွင်း အသုံးပြုပါက IMEI Code သည် Unpaid အဖြစ် ဖော်ပြနေမှာဖြစ်ပြီး အခွန်ပေးဆောင် ရန် တောင်းဆိုတဲ့အချက်အလက်များ ဖော်ပြမှာဖြစ်သော်လည်းအဆိုပါ Handset များအတွက် အခွန်ပေးဆောင်ရန် လိုအပ်မည်မဟုတ်ပါ ဆိုပြီး ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

ခွင့်ပြုစာရင်း (Whitelist) ဝင် ဖုန်းများမှာ IMEI Code တစ်ခု Paid ဖြစ်နေသော်လည်း အခြား IMEI Code တစ်ခုက Unpaid ဖြစ်နေခြင်း (သို့မဟုတ်) eSIM ထည့်သွင်းအသုံးပြုချိန် IMEI Code သည် Unpaid ဖြစ်နေခြင်းတို့အတွက် CEIR စနစ်ရဲ့အင်တာနက် စာမျက်နှာဖြစ်တဲ့ https://ceir.gov.mm တွင် Check Status ကိုနှိပ်ကာ အဆင့်ဆင့်ဝင်ရောက်ပြီး အဆိုပါ Unpaid ဖြစ်နေတဲ့ IMEICode နှင့် လိုအပ်သည့်အချက်အလက်များ ထည့်သွင်းပေးပို့ပါက CEIR စနစ်က ယင်း IMEI Code အား Paid အဖြစ် အလိုအလျောက် သတ်မှတ်ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အသေးစိတ်သိရှိလိုပါက CEIR Call Center ၁၅၇၇ နှင့် ၁၇၅၅ ကိုလည်းကောင်း၊ တွေ့ဆုံမေးမြန်းလိုပါက CEIR စနစ်ပိုင်းဆိုင်ရာ ပြည်သူ့ဝန်ဆောင်မှုအဖွဲ့ (CEIR One Stop Service – OSS) (အကောက်ခွန်ဦးစီးဌာန၊ အမှတ် ၁၃၂၊ ကမ်းနားလမ်း၊ ကျောက်တံတား မြို့နယ်၊ ရန်ကုန်မြို့) နှင့် (အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး – ၅၊ လမ်း ၆၀၊ ၁၀၁ (A) လမ်းနှင့် ၁၀၂ လမ်းကြား၊ မြို့သစ် (၁) ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့) တို့ကိုလည်းကောင်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်တယ်လို့ သိရပါတယ်။