Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

သင်္ကြန်ရုံးပိတ်ရက်မှာ အထူးရထားတိုးချဲ့ပြေးဆွဲမည်

—————————

၂၀၂၆ခုနှစ်၊ဧပြီလ၊(၂)ရက်

သင်္ကြန်ရုံးပိတ်ရက်အတွင်းမှာ အထူးရထားတွေတိုးချဲ့ပြေးဆွဲသွားဖို့ရှိတယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။

အထူးရထားတွေကို ရန်ကုန်–နေပြည်တော်၊ ရန်ကုန်–ပြည်နှင့် ရန်ကုန်–မော်လမြိုင် ခရီးစဉ်တွေမှာ ဧပြီလ ၁၀ ရက်မှ ၂၀ ရက်အတွင်း သတ်မှတ်ထားသော ရက်များအလိုက် ပြေးဆွဲပေးသွားမှာဖြစ်ပြီး DEMU (စပိန်) ရထားများနှင့် လေအိတ်ရထားများ ပါဝင်မှာဖြစ်ပါတယ်။

သင်္ကြန်အကြိုနေ့ဖြစ်သည့် ဧပြီလ ၁၃ ရက်မှ သင်္ကြန်အတက်နေ့ဖြစ်သည့် ဧပြီလ ၁၆ ရက်အထိ ရန်ကုန်-မန္တလေးလမ်းပိုင်း၊ရန်ကုန်-ပြည်လမ်း၊ တောင်ကြီး စတဲ့နေ့စဉ်ပြေးဆွဲပေးမယ့် ရထားတွေရှိသလို နားမယ့်ရထားတွေလည်းရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အချို့သော လူစီးအမြန်ရထားများနဲ့ ရန်ကုန်မြို့ပတ်ရထားများကို ခေတ္တရပ်နားထားမှာဖြစ်တယ်လို့ သိရပါတယ်။