Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ချင်းမိုင်တွင် လေထုညစ်ညမ်းမှု ဆိုးဝါးလာတာကြောင့် အရေးပေါ်အခြေအနေ ကြေညာ


၂၀၂၆၊ဧပြီလ၊၆ရက်


ထိုင်းနိုင်ငံမြောက်ပိုင်း ဒေသတွေဖြစ်တဲ့ ချင်းမိုင်၊ လန်ဖွန်နဲ့ ဖယောင်း ဘက်တွေမှာ လေထုညစ်ညမ်းတဲ့ပြဿနာ (PM2.5) က တော်တော်လေးကို ဆိုးဆိုးရွားရွား ဖြစ်နေပြီး အန္တရာယ်ရှိတဲ့အဆင့်ထိ ရောက်ရှိနေတာကြောင့် အစိုးရက အဲဒီဒေသတွေကို “အရေးပေါ် သဘာဝဘေးအန္တရာယ်ဇုန်” အဖြစ် သတ်မှတ်လိုက်ပါတယ်။


.လက်ရှိ ညစ်ညမ်းမှုဖြစ်နေတဲ့ နေရာတွေရဲ့ ချင်းမိုင်က မြို့နယ် ၇ ခု၊ ဖယောင်းက ၉ ခုနဲ့ လန်ဖွန်က မြို့နယ် ၁ ခုတို့ကို အရေးပေါ် အခြေအနေ ကြေညာထားတာဖြစ်ပြီး ချင်းမိုင်မြို့ဟာ ကမ္ဘာမှာ လေထုအညစ်ညမ်းဆုံးမြို့အဖြစ် နံပါတ် (၁) တောင် မကြာခဏ သတ်မှတ်ခံနေတာပါ။


“အရေးပေါ် သဘာဝဘေးအန္တရာယ်ဇုန်” အဖြစ် သတ်မှတ်လိုက်တဲ့ ဒေသတွေမှာ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေက အစိုးရဆီက ရန်ပုံငွေတွေကို ချက်ချင်းထုတ်သုံးပြီး တောမီးငြှိမ်းသတ်တာတို့၊ လူတွေကို Mask ဝေတာတို့လို ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို အမြန်ဆုံး လုပ်ဆောင်ဖို့ ရှိနေတယ်လို့ Thaigerသတင်းဌာနက ဖော်ပြပါတယ်။

Ref: Thaiger