Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

စစ်ကိုင်း၊လေရှိးမြို့အနီး အင်အား ၄.၅အဆင့်ရှိ ငလျင်လှုပ်


၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက်

စစ်ကိုင်း၊လေရှိးမြို့အနီး အင်အား ၄.၅အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့တယ်လို့ မြေငလျင်ဌာနခွဲမှ သိရပါတယ်။

၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၂)နာရီ၊ (၃၂)မိနစ်၊ (၁၈) စက္ကန့် အချိန် မှာ လှုပ်ခတ်တာဖြစ်ပါတယ်။

တမူးမြေငလျင်စခန်းမှ မြောက်-အရှေ့မြောက်ဘက် (၈၉) မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (လေရှီးမြို့ရဲ့ တောင်-အရှေ့တောင်ဘက် (၈) မိုင် ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၅.၃၄) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၀၁) ဒီဂရီ၊ အနက် (၆၀) ကီလိုမီတာကို ဗဟိုပြု၍ ပမာဏ ၄.၅(M) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ သိရပါတယ်။