Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

နေ့အပူချိန်အပြင်းထန်ဆုံးမြို့(၁၃)မြို့ရှိ၊ မိုးတိမ်တောင်များကြောင့်မိုးသက်လေပြင်းတိုက်ခတ်နိုင်

————————————————————-

၂၀၂၆ခုနှစ်၊ဧပြီလ၊(၂၀)ရက်

နေ့အပူချိန်တွေအမြင့်တက်ဆုံးမြို့(၁၃)မြို့ရှိတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။

ဧပြီလ(၁၉)ရက်မှာ နေ့အပူချိန်(၄၁)ဒီဂရီစင်တီဂရိတတ်နဲ့အထက်ရှိတဲ့မြို့(၁၃)မြို့ရှိခဲ့တာဖြစ်ပါတယ်။

အဲဒီ့မြို့တွေကတော့ ချောက်၊မင်းဘူး၊မကွေး၊မြင်းခြံ၊စစ်ကိုင်း၊မန္တလေး၊ညောင်ဦး၊အောင်လံ၊တံတားဦး(လေကြောင်းမိုးလေဝသ) ၊သာယာဝတီ၊ပခုက္ကူ၊တောင်တွင်းကြီး၊မြင်းမြူမြို့တို့ဖြစ်ပါတယ်။

ဧပြီလ(၂၀)ရက်မှာတော့စစ်ကိုင်းအထက်ပိုင်း၊ကချင်၊ရှမ်းတို့မှာနေရာကျဲကျဲ၊နေပြည်တော်၊မန္တလေး၊မကွေး၊စစ်ကိုင်းအောက်ပိုင်း၊ တနင်္သာရီ၊ကယား၊ကရင်၊ချင်း၊မွန်တို့မှာ နေရာကွက်ကျားမိုးထစ်ချုန်းရွာဖို့ရှိပါတယ်။

မိုးတိမ်တောင်တွေကြောင့် စစ်ကိုင်းအထက်ပိုင်း၊ကချင်၊ရှမ်းတောင်၊ရှမ်းအရှေ့တို့မှာမိုးတိမ်တောင်တွေဖြစ်ထွန်းပြီး မိုးသက်လေပြင်းတိုက်ခတ်နိုင်တယ်လို့ သိရပါတယ်။