Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မန်ယူ နဲ့ လီဗာဗူး ပွဲမစခင် ဖာဂူဆန်ကို ဆေးရုံပို့လိုက်ရ


၂၀၂၆၊မေလ၊၄ရက်


မနေ့က အိုးလ်ထရက်ဖို့ဒ် ကွင်းမှာ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူး တို့ရဲ့ ပရီမီးယားလိဂ် ပွဲစဉ် မစတင်ခင်မှာ မန်ယူနည်းပြဟောင်း ဆာအဲလက်စ် ဖာဂူဆန်ဟာ ကွင်းထဲမှာ နေမကောင်း ဖြစ်ခဲ့တာကြောင့် ကြိုတင် ကာကွယ်တဲ့ အနေနဲ့ ဆေးရုံကို ပို့ဆောင် လိုက်ရတယ်လို့ ဗြိတိန်မီဒီယာတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။
ဖာဂူဆန်ဟာ အသက် ၈၄ နှစ် အရွယ်ရှိပြီဖြစ်ပြီး ယခုဆေးရုံပို့လိုက်ရတာဟာ ကြိုတင် ကာကွယ်တာသာ ဖြစ်ပြီး အရေးပေါ် အခြေအနေမျိုး မဟုတ်ဘူး လို့သိရပါတယ်။
အသင်းတာဝန်ရှိသူတွေ ကတော့ ဖာဂူဆန် အနေနဲ့ မကြာခင်မှာပဲ ကျန်းမာလာပြီး နေအိမ်ကို ပြန်နိုင်လိမ့်မယ်လို့ မျှော်လင့်နေကြသလို လီဗာပူး အသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲအပြီးမှာ နည်းပြ မိုက်ကယ်ကားရစ် ကလည်း သူ့ရဲ့နည်းပြဟောင်းကြီး အတွက် ဆုတောင်း ပေးခဲ့ပါတယ်။
ကားရစ်က မန်ယူ အသင်းနိုင်တဲ့ သတင်းကို ကြားလိုက် ရရင် နည်းပြကြီးအတွက် ခွန်အားဖြစ်စေမှာပါလို့ဆိုပါတယ်။
ဖာဂူဆန်ဟာ မန်ချက်စတာယူနိုက်တက် အသင်းကို ၂၇ နှစ်ကြာအောင် အောင်မြင်မှုများစွာနဲ့ ဦးဆောင် ခဲ့သူဖြစ်ပါတယ်။