Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မိုးရွာမည့်ဒေသများတွင် စစ်ကိုင်း၊ကချင်၊ချင်း၊ရန်ကုန်၊မန္တလေးနှင့်ဒေသအချို့ပါဝင်

၂၀၂၆ခုနှစ်၊မေလ၊(၄)ရက်

မိုးရွာမယ့်ဒေသတွေမှာ စစ်ကိုင်း၊ကချင်၊ချင်း၊ရန်ကုန်၊မန္တလေးနဲ့ဒေသအချို့ပါဝင်လာတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ
သိရပါတယ်။

၂၀၂၆ခုနှစ်၊မေလ၊(၄)ရက်ဒီနေ့ညနေအထိခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်း ပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)တို့မှာ နေရာအနှံ့အပြား၊
စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့မှာ နေရာစိပ်စိပ်၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှာ နေရာကျဲကျဲနဲ့ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမယ်လို့ဆိုပါတယ်။
နောက် ၂ ရက်အတွက်ခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှာ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်တယ်လို့ဖော်ပြထားပါတယ်။

နေပြည်တော်နဲ့အနီးတစ်ဝိုက်၊ ရန်ကုန်မြို့နဲ့အနီးတစ်ဝိုက်၊ မန္တလေးမြို့နဲ့အနီးတစ်ဝိုက်အတွက်ဒီနေ့ညနေအထိခန့်မှန်းချက်အဖြစ် နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းဖို့ရှိတယ်လို့ သိရပါတယ်။