၂၀၂၆၊မေလ၊၉ရက်
MWLရဲ့ လက်ရှိ ချန်ပီယံအသင်းဖြစ်တဲ့ ဧရာဝတီအမျိုးသမီးဘောလုံးအသင်းဟာ ဘင်္ဂလားဒေ့ရှ် အမျိုးသမီးလက်ရွေးစင်အသင်းရဲ့ ကြယ်ပွင့်တိုက်စစ်မှူး Ritu Porna Chakma ကိုခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း တရားဝင်ကြေညာလိုက်ပါတယ်။
Ritu Porna Chakmaဟာ ၂၀၂၄ ခုနှစ် တောင်အာရှအမျိုးသမီးချန်ပီယံရှစ် (SAFF Women’s Championship) ပြိုင်ပွဲမှာ ဘင်္ဂလားဒေ့ရှ်အသင်းကို ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့ရုံတင်မကဘဲ တစ်ပြိုင်ပွဲလုံးရဲ့ အကောင်းဆုံးကစားသမားဆု (Most Valuable Player) ကိုပါ ဆွတ်ခူးထားတဲ့ ဘယ်တောင်ပံတိုက်စစ်ကစားသမားတစ်ဦး ဖြစ်ပါတယ်။
ဧရာဝတီအမျိုးသမီးဘောလုံးအသင်းဟာ လက်ရှိ ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ ကြိုးစားနေတာြဖစ်ပြီး အဓိက ကစားသမားတွေကို စာချုပ်သစ်ချုပ်ထားသလို ကစားသမားသစ်တွေကို ခေါ်ယူနေတာဖြစ်ပါတယ်။
