————————
၂၀၂၆ခုနှစ်၊မေလ(၉)ရက်
မနေ့က ရန်ကုန်တိုင်းမှာ မိုးတိမ်တောင်တွေကြောင့် မြို့နယ်အချို့မှာ မိုးသက်လေပြင်းတိုက်ခဲ့ပြီး ထန်းတပင်မြို့နယ်မှာ မိုးသက်လေပြင်းကြောင့်သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွား ခဲ့တယ်လို့ သိရပါတယ်။
၉.၅.၂၀၂၆ ရက်နေ့၊ ၀၄ ၃၃ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ လမုတန်းကြီးကျေးရွာနှင့် လမုတန်းလေးကျေးရွာကြား လှည်းဆိပ်လမ်းတွင် သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ထန်းတပင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
