Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ယူကရိန်း၊ ကိယက်ဗ်က မြန်မာနိုင်ငံသားများ ဘေးလွတ်ရာရွေ့ပြောင်းကြဖို့ မြန်မာသံရုံးထုတ်ပြန်

၂၀၂၆၊မေလ၊၉ရက်

ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့မှာနေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ အချိန်မီဘေးကင်းရာကို ထွက်ခွာဖို့အတွက်လိုအပ်တယ်ဆိုရင် ဆက်သွယ်အကူအညီတောင်းနိုင်ကြောင်း ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာအခြေစိုက်တဲ့ မြန်မာသံရုံးကအရေးပေါ်အသိပေးချက်အဖြစ် ထုတ်ပြန်ထားပါတယ်။

ဒီနေ့မှာကျရောက်တဲ့ ရုရှားရဲ့ ဒုတိယကမ္ဘာစစ် အောင်နိုင်ခြင်း အထိမ်းအမှတ်နေ့ (Victory Day) မှာ တိုက်ခိုက်မယ်လို့ ယူကရိန်းရဲ့ပြောဆိုချက်ကို ရုရှားဘက်ကတန်ပြန်မယ့်အကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကနေ အသိပေးအကြောင်းကြားတာတွေရှိနေတယ်လို့ မြန်မာသံရုံးက ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။

MOSCOW, RUSSIA – MAY 7: Russian police officers and armed security service agents guard the Manezhnaya Square against the backdrop of the Kremlin and a billboard commemorating Victory Day, on May 7, 2026 in Moscow, Russia. Russian cellular operators announced to shut down mobile internet for a day at the request of the authorities in connection with a parade in Moscow planned on May 9 and dedicated to the 81st anniversary of the defeat of Nazi Germany. (Photo by Contributor/Getty Images)