Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မြစ်ကြီးနားမြို့တွင် လင်မယားချင်း စကားများရန်ဖြစ်ပြီး အဝတ်အစားများ မီးရှို့ရာမှ နေအိမ် (၂)လုံး မီးကူးစက်လောင်ကျွမ်း

၂၀၂၆၊မေလ၊၉ရက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်မှာ မနေ့က မေလ ၈ ရက်နေ့၊ မွန်းလွဲပိုင်းက လင်မယားချင်း စကားများရန်ဖြစ်ပြီး အဝတ်အစားများအား မီးရှို့ရာမှ နေအိမ် (၂)လုံး မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

မီးလောင်မှုကို မီးသတ်တပ်ဖွဲ့ဝင် (၂၀)ဦး၊ အရန် (၁၀)ဦးနှင့် လေတပ်မှ တပ်မတော်သား (၁၀)ဦး စုစုပေါင်း(၄၀)ဦးတို့က မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ ရေသယ်ယာဉ် (၃)စီးဖြင့် မိနစ်(၂၀)ကြာ မီးငြိမ်းသတ်ခဲ့ရကြောင်း သိရပါတယ်။

မီးလောင်မှုကြောင့် အကျယ် (၃၂ x ၂၄)ပေ၊ သွပ်မိုး၊ ထရံကာ၊ သမံတလင်းခင်း (၁) ထပ် လူနေအိမ် (၁)လုံးနှင့် အနီးရှိ အကျယ် (၃၀ x ၂၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ သမံတလင်းခင်း (၁)ထပ် လူနေအိမ် (၁)လုံး၊ စုစုပေါင်း လူနေအိမ် (၂)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ကာလတန်ဖိုး စုစုပေါင်း ကျပ် (၁၈)သိန်း ခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။