Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မိုးတိမ်တောင်ကြောင့် မိုးကြီးမည့်ဒေသများတွင် ရန်ကုန်၊နေပြည်တော်၊ပဲခူးပါဝင်

—————————-

၂၀၂၆ ခုနှစ်၊ မေလ (၉)ရက်

အခုရက်ပိုင်း မိုးတိမ်တောင်ကြောင့် နေရာကွက်ပြီးမိုးကြီးမယ့်ဒေသတွေမှာရန်ကုန်၊နေပြည်တော်၊ပဲခူး၊ဧရာဝတီ၊ကရင်၊မွန်တို့ပါဝင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။

‌‌ မေလ(၉)ရက်ညနေအထိခန့်မှန်းချက်ကတော့နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ပြီး မိုးကြီးနိုင်ပြီး

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့မှာ နေရာကွက်ကျား၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ချင်းပြည်နယ်နှင့် ရှမ်း ပြည်နယ်(မြောက်ပိုင်း)တို့မှာနေရာကျဲကျဲ

ရခိုင်ပြည်နယ်မှာ နေရာစိပ်စိပ်နဲ့ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှာ နေရာအနှံ့အပြား၊ မိုးထစ်ချုန်းရွာတယ်လို့ ခန့်မှန်းထားပါတယ်။

နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှာမိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီး

အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ် နိုင်တယ်လို့ သိရပါတယ်။