Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လောပိတမြို့၊ မထောခူ(အောက်)ကျေးရွာရှိ သဲချောင်းတွင် လူ(၃)ဦး ရေနစ်

၂၀၂၆၊မေလ၊၁၁ရက်

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လောပိတမြို့၊ မထောခူ(အောက်)ကျေးရွာရှိ သဲချောင်းမှာ မနေ့က မေလ၁၀ရက် နေ့ က လူ(၃)ဦး ရေနစ်သေဆုံးခဲ့ကြောင်းသိရပါတယ်။

မနေ့က နေ့လည် ၁၁နာရီ၃၀ခန့်ကဖြစ်ပွားခဲ့တာဖြစ်ပြီး လွိုင်ကော်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ နေ့လည် ၁နာရီမှာတော့ သေဆုံးသူ အမျိုးသား၂ဦး၊အမျိုးသမီး၁ဦးရဲ့ ရုပ်အလောင်းကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းကို ရွှေညောင်ပင်နာရေးကူညီမှုယာဉ်နဲ့ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။