Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ခွင့်ပြန်အလုပ်သမားများ ၏ လျှောက်ထားမှုများအပေါ် စိစစ်ပြီး အလုပ်သမား ၆ဝ၆ ဦးကို OWIC ကတ် ပြုလုပ်ပေးမည်

၂၀၂၆၊ဧပြီလ၊၁၂ရက်

ခွင့်ပြန်အလုပ်သမားများရဲ့ OWIC ပြုလုပ်ခွင့် လျှောက်ထားမှုများအပေါ် စိစစ်ပြီး အလုပ်သမား ၆ဝ၆ ဦးကို မေ ၁၁ ရက်မှ ၂၂ ရက်အတွင်း OWIC ကတ် ပြုလုပ်ပေးသွားမယ်လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။

အလုပ်သမားဝန်ကြီးဌာနရဲ့ ရက် ၁၀၀ စီမံချက်အတွင်း ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံကို ခွင့်နဲ့ပြန်လည်ဝင်ရောက်လာပြီး ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (OWIC) ပြုလုပ်ခွင့် လျှောက်ထားလာမှုများအပေါ် သက်ဆိုင်ရာကုမ္ပဏီ/အလုပ်ရှင်များတွင် အမှန်တကယ် အလုပ်လုပ်ကိုင်နေခြင်း ဟုတ်/မဟုတ်၊ ခွင့်ဖြင့် ပြန်လည်ဝင်ရောက်လာခြင်း မှန်/မမှန် မေ ၈ ရက်အထိ လက်ခံရရှိသောလျှောက်ထားမှုများမှ အလုပ်သမား ၆ဝ၆ ဦးကို စိစစ်ပြီးဖြစ်တာကြောင့် မေ ၁၁ ရက်မှ ၂၂ ရက်အတွင်း ၎င်းတို့ကို OWIC ပြုလုပ်ဆောင်ရွက်ပေးသွား မှာဖြစ်ကြောင်း သိရပါတယ်။

ခွင့်ပြန်အလုပ်သမားများရဲ့ အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးမှုမရှိစေရေးအတွက် OWIC အသစ်ပြုလုပ်ခြင်း၊ သက်တမ်းတိုးခြင်းနှင့် OWIC ပါအချက်အလက်များ တူညီမှုမရှိလို့ ကတ်လဲလှယ်ခြင်းများအတွက် ထပ်မံလျှောက်ထားလာမှုများကိုလည်း အမြန်ဆုံးစိစစ်ပြီး အထောက်အထား ပြည့်စုံမှန်ကန်ပါက (ရုံးပိတ်ရက်မပါ) ရက်သတ္တပတ်အတွင်း OWIC ပြုလုပ် ဆောင်ရွက်ပေးသွားမယ်လို့ ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။