———————-
၂၀၂၆ခုနှစ်၊မေလ၊(၁၂)ရက်
ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ ကမ်းနားလမ်းသစ်၊ အေးရှားဝေါရှေ့မှာ ထွေလာ(၁)စီးမီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရပါတယ်။
၁၂.၅.၂၀၂၆ ရက်နေ့၊ ၀၄ ၅၃ အချိန်ခန့်မှာမီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
မီးလောင်ကျွမ်းမှုကို အလုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။
