——————————
၂၀၂၆ခုနှစ်၊မေလ၊(၂၀)ရက်
အနောက်တောင် မုတ်သုံလေဟာ အခုဆိုရင် မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသများသို့ နောက်(၂)ရက်အတွင်းဝင်ရောက်တော့မှာဖြစ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
ဒီနေ့ညနေအထိခန့်မှန်းချက်ကတော့ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာနေရာအနှံ့အပြား၊ ရှမ်းပြည်နယ်(တောင်ပိုင်း)မှာနေရာကျဲကျဲနဲ့ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး
တနင်္သာရီတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သိရပါတယ်။
မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေကတော့ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝ သဖြစ်စဉ်များ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။
