Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ပင်းတယမြို့နယ်မှာ ကျောင်းဆရာမတစ်ဦးက ဓါးနဲ့ထို-းလို့ အမျိုးသမီး ၂ ဦးသေဆုံး

၂၀၂၆၊မေလ၊၂၁ရက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ မြင်းမူးကျေးရွာမှာမေလ ၁၉ ရက်၊ ညပိုင်းက မူလတန်းပြ ကျောင်းဆရာမတစ်ဦးက ဓါးနဲ့ထို-းခဲ့တာကြောင့် အမျိုးသမီး ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူတွေဟာ ဒေါ်မြကြည်ဆိုသူနဲ့ တူမဖြစ်သူ မမီးအို (ခ) မစန်းစန်းအေး တို့ဖြစ်ပြီး ပြစ်မှုကျူးလွန်သူကတော့ မူလတန်းပြ ကျောင်းဆရာမ မနုနုထွေးလို့ ဖြစ်ပါတယ်။

ပြစ်မှုကျူးလွန်သူ မူလတန်းပြ ကျောင်းဆရာမဖြစ်သူနုနုထွေးဟာ အွန်လိုင်းလောင်းကစားဂိမ်း အလွန်အကျွံ ကစားသူဖြစ်ပြီး ငွေကြေးလိုအပ်ချက်အရ အမျိုးသမီးများသာ နေထိုင်တဲ့ ဒေါ်မြကြည်ရဲ့ နေအိမ်ကို ပစ္စည်းများ ရယူရန် လာရောက်စဉ် ဒေါ်မြကြည်နှင့် မမီးအို (ခ) မစန်းစန်းအေးတို့ ခုခံခဲ့တာကြောင့် ကျူးလွန်ခဲ့တာလို့ သိရပါတယ်။

အဆိုပါ ဓားထို-းမှုကြောင့် မမီးအို (ခ) မစန်းစန်းအေးမှာ ယာဘက် ရင်ဘတ် အောက်ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ယာရင်ညွန့်ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ယာပေါင်ရင်း ထိုးသွင်း ဒဏ်ရာ တစ်ချက်၊ ယာပေါင် အလယ် ပြတ်ရှဒဏ်ရာ တစ်ချက်တို့ရရှိခဲ့ပြီး ဒေါ်မြကြည်မှာ ဝဲဘက်ဝမ်းဗိုက်အောက်ခြေ ထိုးသွင်းဒဏ်ရာ တစ်ချက်ရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေစဉ် နှစ်ဦးလုံး သေဆုံးခဲ့တာဖြစ်ပါတယ်။

ဒေါ်မြကြည်ရဲ့ နေအိမ်အတွင်း ဝင်ရောက်ပြီး ပြစ်မှုကျူးလွန်ခဲ့သူ နုနုထွေးအား ပင်းတယမြို့မ ရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၄၅၈/၃၂၆ နဲ့ အမှုဖွင့်လှစ်ပြီး ပင်းတယမြို့မရဲစခန်း အချုပ်မှာ ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရပါတယ်။