Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

လာမည့်၅နှစ်အတွင်း ထာဝရငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်သွားမည်


၂၀၂၆၊မေလ၊၂၇ရက်


နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က လာမယ့် ၅နှစ်တာကာလအတွင်း ထာဝရငြိမ်းချမ်းရေး ရရှိဖို့အတွက် မျှော်မှန်းချက်ထား ဆောင်ရွက်သွားမယ်လို့ မေလ၂၆ရက်ကကျင်းပတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ ပြောပါတယ်။
နိုင်ငံတော်အစိုးရအနေနဲ့ ထာဝရငြိမ်းချမ်းရေးရရှိဖို့အတွက် ဘယ်လိုပင်ဖိတ်ခေါ်ကမ်းလှမ်းနေသည်ဖြစ်စေ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ယုံကြည်ချက်၊ ခံယူချက်ရှိစွာနဲ့ အမှန်တကယ်ငြိမ်းချမ်းရေးရယူလိုစိတ်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိဖို့လည်း လိုအပ်မှာဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မိမိတို့စတင်တာဝန်ယူခဲ့တဲ့အချိန်ကစပြီး ရက်ပေါင်း၁၀၀အတွင်း ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို ဆောင်ရွက်သွားနိုင်ရေးအတွက် ဖိတ်ခေါ်ခဲ့ပြီး လက်ရှိအချိန်မှာ EAOအဖွဲ့တချို့နဲ့ အောက်ခြေအဆင့် ထိတွေ့ဆွေးနွေးမှုတွေ ဆောင်ရွက်နေပြီဖြစ်တယ်လို့ ပြောပါတယ်။