၂၀၂၆၊ဇွန်လ၊၉ရက်
ရုရှားနှင့် ယူကရိန်းအကြား အပစ်အခတ်ရပ်စဲရေး တိုက်ရိုက် ဆွေးနွေးပွဲများလုပ်ရန် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးရဲ့ တောင်းဆိုမှုကို ပြင်သစ်၊ ဂျာမနီနှင့် ဗြိတိန်နိုင်ငံ ခေါင်းဆောင်များက ထောက်ခံကြောင်း ဇွန်လ ၇ ရက်တွင် လန်ဒန်မှာ ပြုလုပ်ခဲ့တဲ့စစ်ရေးဆွေးနွေးပွဲအပြီး ပူးတွဲကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
“အပစ်အခတ်ရပ်စဲရေး ဖော်ဆောင်နိုင်ရန်နှင့် နောက်ဆက်တွဲ ဆွေးနွေးပွဲများကို အထောက်အကူပြုနိုင်ရန် အမေရိကန်နှင့် ဥရောပတို့ တက်ကြွစွာပါဝင်မှုဖြင့် ယူကရိန်းနှင့် ရုရှားအကြား တိုက်ရိုက်ဆွေးနွေးမှုပြုလုပ်ရန် အဆိုပြုချက်ကို ထောက်ခံပါတယ်” လို့ဥရောပ ခေါင်းဆောင်များရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။
ဇယ်လန်စကီးက ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ၊ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်၊ ဂျာမနီ ဝန်ကြီးချုပ် ဖရီးဒရစ် မာဇ်တို့နှင့် ဗြိတိန်ဝန်ကြီးချုပ်ရုံး အမှတ် ၁၀ ဒေါင်းနင်းလမ်း၌ တွေ့ဆုံအပြီး ယခုပူးတွဲကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။
