၂၀၂၆ခုနှစ်၊ဇွန်လ၊(၂၀)ရက်
ပုဂ္ဂလိကဆေးရုံတွေအနေနဲ့ လိုင်စင်စည်းကမ်းများ မချိုးဖောက်ရန်နှင့်ကျန်းမာရေးဝန်ကြီးဌာနရဲ့အီလက်ထရောနစ် ကျန်းမာရေးသတင်းစနစ်မှာပါဝင်ဖို့ ဆွေးနွေးထားတယ်လို့ သိရပါတယ်။
ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့ အစည်းအဝေး (၂/၂၀၂၆) မှာ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
ဒီ့အပြင်ပုဂ္ဂလိက ကုသမှု အထောက်အကူပြုသင်တန်းကျောင်းလုပ်ငန်းများနှင့် ပြင်ပလူနာခွဲစိတ်ကုသရေးလုပ်ငန်းများကို စိစစ်ပြီး လုပ်ငန်းလိုင်စင်ထုတ်ပေးရန် စီစဉ် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
လိုင်စင်စည်းကမ်းချက်ချိုးဖောက်သော လုပ်ငန်းများကို ဥပဒေ၊ နည်းဥပဒေများ နှင့်အညီ အရေးယူဆောင်ရွက်နေမှု၊ ကျန်းမာရေးဝန်ကြီးဌာန၏ အီလက်ထရောနစ် ကျန်းမာရေးသတင်းစနစ်တွင် ပုဂ္ဂလိကဆေးရုံများက သတင်းပေးပို့ ပူးပေါင်းပါဝင်ရန်နှင့် ကူးစက်ရောဂါဆိုင်ရာ အချက်အလက် များကို စနစ်တကျတင်ပြရန် ထိန်းကျောင်းကြီးကြပ်နေမှုနှင့် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများကို ပိုမိုတိုးတက်လာစေရန် ဗဟိုအဖွဲ့ဝင်များအနေဖြင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေတွေကို ဆွေးနွေးကြတယ်လို့ သိရပါတယ်။
