Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

မြဝတီမြို့ မှာခြင်ဆေးခွေခွက်အနီး ဓါတ်ဆီလှည်ရာမှ နေအိမ်တစ်လုံးမီးလောင်ကျွမ်း၊လသားအရွယ် ကလေးတစ်ဦးသေဆုံး

၂၀၂၆၊ဇူလိုင်လ၊၂ရက်

ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၅ရပ်ကွက် ၊ချစ်ကြည်ကြည်ရေးလမ်း၊ဖားခြောက်အနီးမှာ မနေ့က ဇူလိုင်လ၁ရက်နေ့ ညနေ ၃းဝဝနာရီခန့်က နေအိမ်တစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ၂လသား အရွယ် ကလေးငယ်တစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

မီးလောင်ရာကို မြဝတီမြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၃)စီး၊ သန္ဓေတပ်ဖွဲ့ဝင်(၁+၉)ဦးဖြင့် မီးငြိမ်းသတ်ခဲ့ရာ ည၃နာရီ၂၈မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရပါတယ်။

ဆနွင်းမိုင်းခြင်ဆေးထွန်းထားရာခွက်အနီး (၅)ဂါလုံပုံးရှိ ဓာတ်ဆီအား ဗူးထဲသို့လှည်ထည့်ချိန် မီးဟက်ရာမှ မီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အသက်(၂)လအရွယ် ကလေးငယ် တစ်ဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကာ ဖခင်ဖြစ်သူမှာ လည်း ခန္ဓာကိုယ်တစ်ခုလုံးမီးလောင်ခံရပြီး ဒဏ်ရာရ(စိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရပါတယ်။