Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ဧရာဝတီတိုင်း၊ကုလားကုတ်ကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျ

———————————

၂၀၂၆ခုနှစ်၊ဇူလိုင်လ၊(၉)ရက်

ဧရာဝတီတိုင်းဒေသကြီး၊ ကုလားကုတ်ကျေးရွာမှာ ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျခဲ့လို့ နေအိမ်တွေကို ရွေ့ပြောင်းပေးခဲ့ရတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရပါတယ်။

၉.၇.၂၀၂၆ ရက်နေ့၊ ၀၉ ၅၀ အချိန်ခန့်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ရေပေါ်ကြီးကျေးရွာအုပ်စု၊ ကုလားကုတ်ကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ပန်းတနော်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး ကူညီရွှေ့ပြောင်းရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

Photo – MFSD