၂၀၂၆၊အောက်တိုဘာလ၊၂၄ရက်
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဉက္ကလာပမြို့နယ်၊ ရွှေပေါက်ကံ(၂၂)ရပ်ကွက်၊ ရွှေပေါက်ကံတံတားအဆင်းမှာ မနေ့က အောက်တိုဘာလ ၂၃ရက်နေ့က ယာဉ်တိုက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အခင်းဖြစ်ရာကို မြောက်ဉက္ကလာပမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပါတယ်။
ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး ကုသိုလ်တော်ပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် မြောက်ဉက္ကလာပမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။