၂၀၂၆၊နိုဝင်ဘာလ၊၂ရက်
မြောက်ကိုရီးယားနိုင်ငံဟာ ကလပ်စတာ ဗုံးထိပ်ဖူးများကို စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက နိုဝင်ဘာ ၁ ရက်မှာ ဖော်ပြခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ မကြာသေးခင်ကလည်း တိုက်ခိုက်ရေး ဒရုန်းများ၊ ပစ်မှတ်တိကျတဲ့ တော်ပီဒိုစနစ် နှင့် ဟိုက်ပါဆော နစ်ဒုံးကျည်အပအဝင် လက်နက်စနစ်များကို ဆက်တိုက်စမ်းသပ်ခဲ့ပြီးနောက် ယခုစမ်းသပ်မှုကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။
ကိုရီးယားနှစ်နိုင်ငံနယ်စပ်မှာ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင်း တောင်ကိုရီးယားစစ်သား သုံးဦးဒဏ်ရာရခဲ့ပြီးနောက် ကိုရီးယားနှစ်နိုင်ငံကြား တင်းမာမှုများမြင့် တက်နေချိန်မှာ အခုလို လက်နက်စမ်းသပ်မှုများကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။
ကိုရီးယားနယ်စပ်မှာ မြေမြှုပ်မိုင်းပေါက်ကွဲမှုအတွက် တောင်ကိုရီးယားက မြောက်ကိုရီးယားအနေနဲ့ တာဝန်ရှိကြောင်း စွပ်စွဲထားပြီး မြောက်ကိုရီးယားကငြင်းဆိုထားပါတယ်။
လက်နက်ဟာ ၁၂ ဟက်တာမှ ၁၃ ဟက်တာကြားရှိသည့် ဧရိယာကို ပြာချနိုင်စွမ်းရှိကြောင်းလည်း တာဝန်ရှိသူ များက ပြောကြားခဲ့ပါတယ်။
