Join Us : Telegram Icon Threads Icon
Latest Updates >>>
MENU

ပြည်တွင်းသတင်း

ရန်ကုန်-မြစ်ကြီးနား ယာဉ်လိုင်းအများစုရပ်နားထား

ဩဂုတ် ၃ရက် ကချင်ပြည်နယ်အတွင်းမှာဆက်သွယ်ရေးလိုင်းတွေပြတ်တောက်နေတာကြောင့် ရန်ကုန်-မြစ်ကြီးနား ယာဉ်လိုင်းအများစုကိုရပ်နားထားရတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်၃၁ရက်နေ့အထိရန်ကုန်-မြစ်ကြီးနား ယာဉ်လိုင်းများကိုပုံမှန်အတိုင်းပြေးဆွဲခဲ့ပေမဲ့ဆက်သွယ်ရေးအခက်အခဲများစွာကြောင့်ဩဂုတ်လ၁ရက်နေ့မှာစတင်ရပ်နားလိုက်ရတာဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာဆက်သွယ်ရေးလိုင်းအားလုံးပြတ်တောက်နေသည်မှာ ၁၁ရက်ခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။ *မူရင်းဓါတ်ပုံပိုင်ရှင်အားအပြည့်အဝ Credit

စက်သုံးဆီအခက်အခဲဖြစ်ပေါ်နေမှု လာမည့်ရက်ပိုင်းအတွင်း လုံလောက်စွာ ပြန်လည်ရောင်းချပေးနိုင်မည်ဟုထုတ်ပြန်

ဩဂုတ်၃ရက် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် စက်သုံးဆီရောင်းချဖြန့်ဖြူးမှု အဆင်မပြေဖြစ်နေရခြင်းကိုလာမည့်ရက်ပိုင်းအတွင်းဖြေရှင်းပေးနိုင်တော့မှာဖြစ်ကြောင်း မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းကထုတ်ပြန်လိုက်ပါတယ်။ ပြည်ပမှဆီသင်္ဘောများလည်းလုံလုံလောက်လောက်ရောက်ရှိနေပြီဖြစ်တာကြောင့်ရောင်းချဖြန့်ဖြူးမှုတွေမှာယခင်ကထက် အဆင်ပြေပြေရောင်းချပေးနိုင်တော့မည်ဖြစ်ပြီးသတင်းမှားများကြောင့် မလိုအပ်ဘဲဝယ်လိုအား မတန်တဆ

ရန်ကုန်-မော်လမြိုင်ကားလမ်းယာယီပိတ်ထား

ဩဂုတ်၂ရက် ရန်ကုန်-မော်လမြိုင်ကားလမ်းယာယီပိတ်ထားရကြောင်းဒေသခံတွေထံကသိရသည်။ ‌ဩဂုတ်လ(၂) ရက်နေ့နံနက်ပိုင်းကမွန်ပြည်နယ် သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာ၊ ကမာဆိုင်ကွက်သစ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ် ၁၃၃/၆ နှင့်

YBS ၃၅ နှင့် အထည်ချုပ်စက်ရုံ ဖယ်ရီကားတိုက်မှုဖြစ်ပွားပြီး ၃၀ ဦးထိခိုက်ဒဏ်ရာရ၊ ယာဉ်‌မောင်းတစ်ဦးသေဆုံး

‌ဩဂုတ် ၁ ရန်ကုန်တိုင်း၊ထောက်ကြံ့မြို့နယ်တွင်  YBS ၃၅ နှင့်သမီးတော်အထည်ချုပ်စက်ရုံဖယ်ရီကားတိုက်မှုဖြစ်ပွားရာ ခရီးသည် နှင့်ဝန်ထမ်း အပါအဝင် ၃၁ ဦးထိခိုက်ဒဏ်ရာခဲ့သည့်အနက်ဖယ်ရီ

ဘီးလင်းမြို့နယ်အတွင်း မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ မြစ်ရေကြီးနိုင်သောကြောင့်သတိပြုရန်ထုတ်ပြန်

သြဂုတ်(၁)ရက် ဘီးလင်းမြစ်ရေစိုးရိမ်ရေမှတ်ရောက်ရှိလာနိုင်သောကြောင့် ဘီးလင်းမြို့နယ်အတွင်း မြစ်ကမ်း အနီးနေထိုင်သူများသတိပြုရန်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကယနေ့ထုတ်ပြန်လိုက်သည်။ ဘီးလင်းမြစ်ရေသည်ဘီးလင်းမြို့၏စိုးရိမ်ရေမှတ်၃၃.၅၃ပေ(၁၀၂၂စင်တီမီတာ)အောက်ပေဝက်ခန့်(၂၀စင်တီမီတာ)တွင်ရောက်ရှိနေပြီးနောက်တစ်ရက်အတွင်းယင်းမြို့၏စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်ကြောင်းသိရသည်။ ဘီးလင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် အနိမ့်ပိုင်းနေထိုင်သူများအ ထူးသတိပြုနေထိုင်ကြရန်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနသတိပေးချက်ထုတ်ပြန်ထားသည်။ mercury